“စစ်မြေပြင်မှာ၊ ရန်သူ့နယ်မြေထဲမှာ စစ်တပ်ကလုပ်သမျှ မှန်တယ် မှားတယ်၊ တရားတယ် မတရားတယ်၊ ဝေခွဲချင့်ချိန်နေဖို့ ဘယ်တုန်းကမှ အစီအစဉ် မရှိခဲ့ပါဘူး။
အမိန့်ပေးရင် ပေးတဲ့အတိုင်းလုပ် ဒါပဲ။ တစ်ခုပဲ ပြဿနာရှိတယ်။ အခုဟာက စစ်သားကလွဲရင် တစ်နိုင်ငံလုံး ရန်သူတွေ ဖြစ်သွားတာ။
စစ်သားက တပ်အပြင်ခြေချတာနဲ့ ရန်သူ့နယ်မြေပဲ။ တပ်မိသားစုကို အပြင်ပေးမထွက်ဘူး။ ဖေ့စ်ဘုတ်မသုံးရဘူး။ မြဝတီသတင်းပဲ ကြည့်ခိုင်းထားတယ်။
ရန်သူက စည်းရုံးသွားရင် အတွင်းစည်းပေါက်မှာစိုးလို့။ လိုင်းပေါ်မှာဆို ဆိုင်ဘာစစ်သားပဲ ဝါဒစစ်တိုက်ဖို့ထားတာ။ စစ်သားတွေက တိုင်းပြည်ကို ကာကွယ်ရမယ့်အစား စစ်ခေါင်းဆောင်ကို ကာကွယ်ဖို့ ပြည်သူကိုချေမှုန်းနေရတာ။
ပြည်သူကို စစ်သားကသတ်လို့ သူပုန်က အကာအကွယ်ပေးနေရတာ။ ပျော်သလား လို့ မေးကြည့်လေ။
အားတက်သရော ပျော်ပျော်ကြီးသတ်နေတာကို တွေ့ရလိမ့်မယ်။ လက်နက်မဲ့ပြည်သူကိုသတ်ရတာ ဘာခက်တာလိုက်လို့။ မသတ်ချင်သေးလို့ ဒီလောက်ပဲသေတာမှတ် လို့တောင် သေနတ်ကြိမ်းကြိမ်းသေး။
သူတို့မှာ လူသားလုပ်စရာ ဦးနှောက်ရော အသည်းနှလုံးရော မရှိတော့ဘူး။ မှိုင်းတိုက်ဖျက်စီးခံလိုက်ရပြီ။ နောက်ဆုံးတော့ သေမထူးနေမထူး စစ်သားတွေနဲ့ သူတို့လို သေမထူးနေမထူးဘဝ အရောက်မခံနိုင်လို့ သေကာမှသေရော အသက်စွန့်မယ့်ပြည်သူတွေ သူသေကိုယ်သေ တိုက်ပွဲဝင်ကြမယ့် အချိန်ကို ရောက်လာတာပေါ့လေ။
လူ့ဘဝမှာ အသက်ထက်ဆုံး စစ်သားလုပ်စားခဲ့ပြီးမှ တရားသောစစ်ဆိုတာ ဘာလဲ နားမလည်နိုင်သေးဘူး။ နောင်ဘဝဆက်တိုင်း ဆုပန်သွားကြပေါ့။”
Credit to Post Owner