ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပတ်သက်သော ညွှန်ကြားချက်ညွှန်ကြားချက်အမှတ် ၁/၂၀၂၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန

mod@nugmyanmar.org

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်

ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပတ်သက်သော ညွှန်ကြားချက်ညွှန်ကြားချက်အမှတ် ၁/၂၀၂၁

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် လက်တွဲဆောင်ရွက်ရန်ရည်ရွယ်လျက် နယ်မြေဒေသအလိုက် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအားလုံးသည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ အား လေးစားလိုက်နာကြရမည်။

၂။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှု(Command and Control) အောက်တွင် ရှိရမည်ဖြစ်ပြီး၊ ဒေသတစ်ခုနှင့်တစ်ခု ဟန်ချက်ညီညီ လှုပ်ရှားဆောင်ရွက်ကြ ရမည်။

၃။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် လက်တွဲလျက် ပြည်သူ့ လှုပ်ရှားမှုမဟာဗျူဟာနှင့်အညီ ကျင့်သုံးဆောင်ရွက်ကြရမည်။

၄။ စစ်ဆင်ရေးဆောင်ရွက်ရာတွင် အရပ်သားပြည်သူများ ထိခိုက်မှုမရှိအောင် သတိပြုရမည်။

၅။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ(Code of Conduct) ကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားမည်ဖြစ်သည်။

၆။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေဖြင့် ရန်ပုံငွေကောက်ခံသုံးစွဲသည့် အစီအစဉ်ရှိလျှင် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်သော ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် အညီ သုံးစွဲရမည်။

၇။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၏ အဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ပါဝင်အမှုထမ်းလိုပါက သတ်မှတ်ထားသော စစ်ပညာသင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး သက်ဆိုင် ရာ စစ်တိုင်းအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တစ်ခုတွင် ပေးအပ်သောတာဝန်ကို ထမ်းဆောင်ကြရမည်။

ပုံ

ရည်မွန်

ပြည်ထောင်စုဝန်ကြီး

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Credit: MOD@NUG